Peace Myanmar Electric Holding Co., Ltd. (PMEH) နှင့် SNL Engineering Training Centre တို့ ပူးပေါင်းပြီး အင်ဂျင်နီယာ ကျောင်းသား/ကျောင်းသူများ နှင့် သင်တန်းဆင်းများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ၊ အလုပ်သင် အစီအစဉ်များနှင့် နည်းပညာဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ပြီး (MOU) ကို 31.7.2026 ရက်နေ့တွင် အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ယခု ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ပညာရေးဆိုင်ရာ အသိပညာများနှင့် လက်တွေ့လုပ်ငန်းအတွေ့အကြုံများကို ချိတ်ဆက်ပေးနိုင်မည့် အခြေခံကောင်းတစ်ရပ်ကို ပူးပေါင်း ဖော်ဆောင်ပေးသွားမှာပဲ ဖြစ်ပါတယ်။

လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့ကြတဲ့ တစ်ဦးယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် အမှတ်တရ ပုံရိပ်များကို ဂုဏ်ယူစွာမျှဝေပေးလိုက်ပါတယ်ရှင် ❤️