Warranty Information

MITSUBISHI ELECTRIC Air Conditioner များအတွက် အာမခံပေးသောအခြေအနေများ။

၁။ အာမခံပေးသောအခြေအနေများကို စက်တပ်ဆင်ပြီး (၁၂)လအတွင်း (သို့မဟုတ်) PME Holding Co.,Ltd. (Store) ၏ ပစ္စည်းထုတ်ယူသည့်နေ့ (Delivery Date) မှစ၍ (၁၅) လအတွင်းသာ ခံစားခွင့်ပြုမည်ဖြစ်သည်။
၂။ ဤအာမခံကတ်အား ဝယ်ယူပြီး ရက်ပေါင်း (၃၀) အတွင်း PME Holding Service Centre သို့ မပျက်မကွက် ပေးပို့ရမည်။ ဤအာမခံကတ်အား PME Holding Service Centre မှ လက်ခံရရှိခြင်းမရှိလျှင် အာမခံအခွင့်အရေးများ ရရှိမည်မဟုတ်ပါ။
၃။ အာမခံကာလအတွင်း ပစ္စည်းတန်ဘိုး၊ လက်ခ အခမဲ့ဆောင်ရွက်ပေးပါမည်။
(ရန်ကုန်/ နေပြည်တော်/ မန္တလေးမြို့တော်များအတွင်းသတ်မှတ်မြို့နယ်များ)
၄။ ဤအာမခံကတ်ပြားသည် အောက်ပါအခြေအနေများတွင် တရားမဝင် ပျက်ပြယ်ပါသည်။

(က) စက်နှင့်အတူပါရှိသော Owner Manual ပါ သတ်မှတ်ချက်များအတိုင်း မသုံးစွဲခဲ့လျှင်၊
(ခ) စက်အား မိမိဘာသာ ပြုပြင်၊ ပြင်ဆင်ထားလျှင်၊
(ဂ) စက်ပေါ်ရှိ Serial No. ပျက်စီးနေလျှင် (သို့)လွဲမှားနေလျှင်၊
(ဃ) ဤအာမခံ ကတ်ပြားပေါ်တွင် တစ်စုံတစ်ရာ ပြုပြင်ပြောင်းလဲထားလျှင်၊
(င) ရန်သူမျိုးငါးပါးကြောင့် စက်ပစ္စည်းအစိတ်အပိုင်းအမျိုးမျိုး (သို့) စက်ပစ္စည်းတစ်ခုလုံးပျက်စီးဆုံးရှုံးလျှင်၊
(စ) ဗို့အား အလွန်တက်လွန်းခြင်း၊ ကျလွန်းခြင်းကြောင့် ပျက်စီးခဲ့လျှင်၊ တပ်ဆင်ထားသော Air-Con များအား မြန်မာလျှပ်စစ်ဓာတ်အားလုပ်ငန်းမှ လျှပ်စစ်ဓာတ်အားဖြင့် အသုံးမပြုဘဲ အခြား ပြင်ပမီးစက်ဖြင့် တပ်ဆင်မောင်းနှင်ခြင်းပြုလုပ်လျှင်၊
(ဆ) စက်တပ်ဆင်ရာတွင် PME Holding Service Centre ၏ ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းနှင့် ကိုက်ညီမှုမရှိလျှင်။
မှတ်ချက် ။ ။ (စက်အသစ်တစ်လုံး လဲလှယ်ပေးရန်မဟုတ်ပါ။)
မိမိ၏ လိပ်စာနှင့်တယ်လီဖုန်းနံပါတ် ပြောင်းလဲမှုရှိပါက Service Centre (TEL : 01-450950, 450970, 450971, 450972) သို့အကြောင်းကြားပါ။

MITSUBISHI ELECTRIC Home Appliance ပစ္စည်းများအတွက် အာမခံပေးသော အခြေအနေများ။

အာမခံပေးသောအခြေအနေများ
၁။ အာမခံအခွင့်အရေးများကို ပစ္စည်းဝယ်ယူသည့်နေ့မှ (၁၂)လအတွင်း (သို့) PME Holding Co.,Ltd (Store)၏ ပစ္စည်းထုတ်ယူသည့်နေ့ (Delivery Date) မှစ၍ (၁၅)လအတွင်းသာ ခံစားခွင့်ပြုမည်ဖြစ်သည်။
၂။ ဤအာမခံကတ်အား ဝယ်ယူပြီး ရက်ပေါင်း (၃၀) အတွင်း PME Holding Service Centre သို့ မပျက်မကွက် ပေးပို့ရမည်။ ဤအာမခံကတ်အား PME Holding Service Centre မှ လက်ခံရရှိခြင်းမရှိလျှင် အာမခံအခွင့်အရေးများ ရရှိမည်မဟုတ်ပါ။
၃။ ဤအာမခံကတ်သည် Factory Fault နှင့် Engineer Fault ကြောင့်ဖြစ်သော ပျက်စီးမှုအတွက် ပစ္စည်းနှင့် လက်ခမဲ့ပြုပြင်ပေးရန် အာမခံခြင်းဖြစ်သည်။
၄။ Factory Fault နှင့် Engineer Fault ကြောင့် ပျက်စီးမှုနှင့် မသက်ဆိုင်သောာ အစားထိုး လဲလှယ်ပေးရသည့် စက်အစိတ်အပိုင်းကုန်ကျစရိတ်နှင့် ပြင်ဆင်ရန်အတွက် သယ်ယူပို့ဆောင်စရိတ်များ အကျုံးမဝင်ပါ။
၅။ ဤအာမခံကတ်ပြားသည် အောက်ပါအခြေအနေများတွင် တရားမဝင် ပျက်ပြယ်ပါသည်။
(က) ကုမ္ပဏီမှ သတ်မှတ်ထားသော စက်အသုံးပြုရန် ညွှန်ကြားချက်အတိုင်း မသုံးစွဲခဲ့လျှင်၊
(ခ) စက်ကို ဤကုမ္ပဏီမဟုတ်သော အခြားမိမိအစီအစဉ်ဖြင့် ပြုပြင်ခြင်း၊ စက်အစိတ်အပိုင်းများလဲလှယ်ခြင်း၊ တစ်စုံတစ်ရာပြုလုပ်ထားလျှင်၊
(ဂ) စက်ပေါ်ရှိ Serial No. ပျက်စီးနေလျှင် (သို့) လွဲမှားနေလျှင်၊
(ဃ) ဤအာမခံကတ်ပေါ်တွင် တစ်စုံတစ်ရာပြုပြင်ပြောင်းလဲထားလျှင်၊
မှတ်ချက် ။ ။ (စက်အသစ်တစ်လုံး လဲလှယ်ပေးရန်မဟုတ်ပါ။)
မိမိ၏ လိပ်စာနှင့်တယ်လီဖုန်းနံပါတ် ပြောင်းလဲမှုရှိပါက Service Centre (TEL : 01-450950, 450970, 450972) သို့ အကြောင်းကြားပါ။