PME Holding Service Centre's Services

Call Service

တယ်လီဖုန်းဖြင့် ဆက်သွယ်ခေါ်ယူနိုင်ခြင်း။

Contract Services

တစ်နှစ်အတွက်ဆေးကြောသန့်စင်ခြင်း (Servicing) ကို စာချုပ်စနစ်ဖြင့် ဈေးနှုန်းသက်သာစွာ ဆောင်ရွက်ပေးခြင်း။

Station Service

Air-Con, Pump, Motor, ပန်ကာ, ရေခဲသေတ္တာ တို့အတွက် Servicing, Repair လုပ်ခြင်းများကို PME Holding Service Centre ၌ Spare Parts များ အဆင်သင့်ထားရှိ၍ ဆောင်ရွက်ပေးခြင်း။

Types of Services:

PME Service Centre မှ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းရပ်များ

Load Calculation


တပ်ဆင်ရမည့်နေရာ၊ အခန်းအနေအထား၊ အကျယ်အဝန်းတို့အပေါ် မူတည်၍ တပ်ဆင်သင့် သည့်စက်အမျိုးအစား၊ စက်စွမ်းအားတို့ကို တွက်ချက်ပေးခြင်း။


Survey

Customer မှ Air-Con တပ်ဆင်ရန်အတွက် ကမ်းလှမ်းလာပါက စက်တပ်ဆင်မည့်နေရာ၊ အခန်းဖွဲ့စည်းတည်ဆောက်ထားမှု၊ အထိရောက်ဆုံး အသုံးပြုသင့်သည့် စက်အမျိုးအစား အရေအတွက် အားကျွမ်းကျင်သော Service Engineer များကိုယ်တိုင် လာရောက်၍ အခမဲ့ရွေးချယ် တွက်ချက်ပေးခြင်း။

Model

တပ်ဆင်ရမည့်နေရာ၊ အခန်းအနေအထား၊ အကျယ်အဝန်းတို့ အပေါ်မူတည်၍ တပ်ဆင်သင့်သည့် Air-Con ကောင်ရေနှင့် Unit အမျိုးအစားတို့ကို စနစ်တကျ ရွေးချယ်ပေးခြင်း။

Model Selection

စက်များတပ်ဆင်ရာတွင် အရည်အသွေးမြင့် ပစ္စည်းများအသုံးပြုပြီး ကုန်ကျစရိတ် အသက်သာဆုံးဖြစ်စေမည့် စျေးနှုန်းတွက်ချက်၍ စျေးနှုန်းလွှာပေးပို့ခြင်း။

Installation

ပေးပို့သော Quotation အပေါ်တွင် ဆောင်ရွက်ရန် သဘောတူညီချက်ရရှိပါက ဆောင်ရွက်ရမည့် လုပ်ငန်းအတွက် စာချုပ်ချုပ်ဆိုပြီး စက်များတပ်ဆင်ပေးခြင်း။

Testing & Commissioning

စက်တပ်ဆင်မှုလုပ်ငန်းများပြီးစီးပါက တပ်ဆင်ထားသော စက်များအား Customer စိတ်ကျေနပ်မှု ရရှိသည်အထိ စပ်းသပ်မောင်းနှင်ပေးခြင်း။

Servicing

မိမိတို့၏ Service Engineer အဖွဲ့မှ တပ်ဆင်ပေးထားသော စက်များအား ကွန်ပျူတာဖြင့် စနစ်တကျ မှတ်တမ်းတင်ထားပြီး Contract စနစ်ဖြင့် ဆေးကြောပေးခြင်း။

Repairing

Mitsubishi Electric Brand Air-Con များ ပျက်စီးမူအတွက် ကျွမ်းကျင် အင်ဂျင်နီယာအဖွဲ့များ စေလွှတ် ပြုပြင်ပေးခြင်း။