ပိတ်ရက်ရှည်မတိုင်ခင် ၁၁.၂.၂၀၂၆ နေ့မှာ Peace Myanmar Electric Holding Company Limited မှ ဝန်ထမ်းများအတွက် မမျှော်လင့်ထားတဲ့ ပျော်ရွှင်စရာ အမှတ်တရများစွာကို ဖန်တီးပေးဖြစ်ခဲ့ပါတယ်။

🍫 C-Level နဲ့ HOD များအတွက် ချောကလက်၊ ပိုစ့်ကတ် နဲ့ ဘရောင်နီကိတ်လေးတွေ အမှတ်တရ ပေးအပ်ခဲ့ပြီး၊

🌹ရင်ခုန်စိတ်လှုပ်ရှားစရာ activity အနေနဲ့ ပန်းစည်း မဲဖောက်ပေးတဲ့ အစီအစဥ်နဲ့အတူ၊

💌 ဝန်ထမ်းတိုင်းကိုလည်း ချောကလက်လက်ဆောင်လေးတွေ ပေးအပ်ရင်း ပျော်ရွှင်ဖွယ် အမေး၊ အဖြေ အစီအစဥ်များနဲ့ လုပ်ငန်းခွင်ရဲ့ အမောများကို ပြေပျောက်စေပြီး ကြိုးစားအောင်မြင်မှုများကို အချင်းချင်း မျှဝေစေခဲ့ပါတယ်။

💝 ဓာတ်လှေကားမှာ စီစဥ်ထားရှိပေးတဲ့ ပန်းရောင်စာရွက်လေးတွေမှတစ်ဆင့် “ချစ်ခြင်းမေတ္တာမျှဝေပုံး” ထဲသို့ မိမိရဲ့ ခံစားချက်၊ ကျေးဇူးတင်စကား၊ သို့ စိတ်ကူးဆန္ဒများအား လွတ်လပ်စွာ ရေးသား ထုတ်ဖော်နိုင်အောင် ဖန်တီးပေးခဲ့ပါတယ်။ ထိုအကြောင်းအရာများကို ဝန်ထမ်းများအားလုံး ဖတ်ရှုနိုင်အောင် ပြန်လည်ဝေမျှပြီး ကြည်နူးချမ်းမြေ့ဖွယ်ရာ အခိုက်အတန့်လေးကို PME ရဲ့ ဝန်ထမ်းများအားလုံး မျှဝေခံစားဖြစ်ခဲ့ကြပါတယ်။

Pre Valentine’s Day အထိမ်းအမှတ် ရင်ခုန် ပျော်ရွှင်ဖွယ်ရာ အမှတ်တရများကို ချစ်ရတဲ့ ဝန်ထမ်းညီအစ်ကို မောင်နှမများအတွက် PME မှ မှတ်တမ်းတင် ရိုက်ကူးပေးခဲ့ပါတယ်၊ ဒီပုံရိပ်လေးတွေ မှတစ်ဆင့်..

❤️ ချစ်ခြင်းမေတ္တာဆိုတာ ချစ်သူ ရည်းစားများအတွက်သာမက လုပ်ဖော်ကိုင်ဖက်၊ မိသားစုဝင်၊ မိမိချစ်ခင်ရသောသူတိုင်းအတွက် နွေးထွေးစွာမျှဝေနိုင်ကြောင်း ပြသပေးနိုင်ခဲ့ပါတယ်။

အားလုံးပဲ ချစ်ခြင်းမေတ္တာတွေ ဖြန့်ဝေနိုင်တဲ့ Valentine’s Day ဖြစ်ပါစေလို့ Peace Myanmar Electric Holding မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။ ❤️❤️

#HappyValentinesDay #Valentine #February14 #PMEH #LoveAtWork #TeamPME