Warranty Information

MITSUBISHI ELECTRIC Air Conditioner များအတွက် အာမခံပေးသောအခြေအနေများ။

၁။ အာမခံအခွင့်အရေးများကို PME Holding Co., Ltd. (Store)မှ ပစ္စည်းထုတ်ယူသည့်နေ့ (Delivery Date) မှစ၍ (၃)နှစ်အတွင်း ခံစားခွင့်ပြုမည်ဖြစ်သည်။ ဤကတ်အား Service Centre သို့ပစ္စည်းဝယ်ယူပြီး (၁)လအတွင်း ပေးပို့ထားရမည်။ ဤအာမခံကတ်အား PME Holding Service Centre မှ လက်ခံရရှိခြင်း မရှိလျှင် အာမခံအခွင့်အရေးများ ရရှိမည်မဟုတ်ပါ။

၂။ အာမခံကာလအတွင်း အောက်ပါအတိုင်း ဆောင်ရွက်ပေးပါမည်။

(က) (၁)နှစ်အတွင်း All Parts (ပစ္စည်း+လက်ခFree)

(ခ) နောက်(၂)နှစ်အတွင်း Compressor (ပစ္စည်း Free)

(ရန်ကုန်/နေပြည်တော်/မန္တလေးမြို့နယ်များအတွင်း သတ်မှတ်မြို့နယ်များ)(နယ်မြို့များအတွက် သီးသန့်သတ်မှတ်ချက်ရှိပါသည်)

၃။ သဘာဝဘေးအန္တရာယ်နှင့် ရန်သူမျိုးငါးပါးကြောင့် ပျက်စီးမှုအတွက် တာဝန်မယူပါ။

၄။ ဤအာမခံကတ်ပြားသည် အောက်ပါအခြေအနေများ အကျုံးမဝင်ပါ။

(က) Installation manual ပါအတိုင်း တပ်ဆင်မှုမပြုခြင်း၊

(ခ) User manual ပါအတိုင်း မသုံးစွဲခြင်း၊

(ဂ) စက်ပေါ်ရှိ Serial Number ပျက်စီးနေခြင်း၊

(ဃ) တပ်ဆင်မှုမသေချာခြင်းကြောင့်ဖြစ်သော Gas Leakage ဖြစ်ခြင်း၊ ရေကျခြင်း၊ လေဝင်လေထွက် မကောင်းခြင်း၊

မှတ်ချက်။          ။ (စက်အသစ်တစ်လုံး လဲလှယ်ပေးရန် မဟုတ်ပါ။)

Yangon Service Centre           – Viber (09) 5052416                           – Hotline (09) 73065824

Mandalay Service Centre        – Viber (09) 459120808                       – Hotline (09) 441019004

Naypyitaw Service Centre       – Viber (09) 444488500                       – Hotline (09) 444488411

မိမိ၏ လိပ်စာနှင့်တယ်လီဖုန်းနံပါတ် ပြောင်းလဲမှုရှိပါက နီးစပ်ရာ Service Centre သို့အကြောင်းကြားပါ။ ဆွေးနွေးအကြုံပြုလိုသည်များရှိပါက Customer Care 09 977 255 777 သို့ဆက်သွယ်အကြံပြုလို့ရပါသည်။

MITSUBISHI ELECTRIC Home Appliance ပစ္စည်းများအတွက် အာမခံပေးသော အခြေအနေများ။

၁။ အာမခံကတ်အား ဝယ်ယူပြီး ရက်ပေါင်း (၃၀)အတွင်း PME Holding Service Centre သို့ မပျက်မကွက် ပေးပို့ရမည်။ အာမခံကတ်အား PME Holding Service Centre မှ လက်ခံရရှိခြင်း မရှိလျှင် အာမခံအခွင့်အရေးများ ရရှိမည် မဟုတ်ပါ။

၂။ အာမခံအခွင့်အရေးများကို ပစ္စည်းဝယ်ယူသည့်နေ့မှ (၁၂)လအတွင်းသာ ခံစားခွင့်ပြုမည်ဖြစ်သည်။

၃။ အာမခံကတ်သည် Factory Fault ကြောင့်ဖြစ်သော ပျက်စီးမှုအတွက် ပစ္စည်းနှင့်လက်ခမဲ့ပြုပြင်ပေးရန် အာမခံခြင်းဖြစ်သည်။

၄။ Factory Fault ကြောင့် ပျက်စီးမှုနှင့်မသက်ဆိုင်သော အစားထိုး လဲလှယ်ပေးရသည့် စက်အစိတ်အပိုင်းကုန်ကျစရိတ်နှင့် ပြင်ဆင်ရန်အတွက် သယ်ယူပို့ဆောင်စရိတ်များ အကျုံးမဝင်ပါ။

၅။ သဘာဝဘေးအန္တရာယ်နှင့်ရန်သူမျိုးငါးပါးကြောင့် ပျက်စီးမှုအတွက် တာဝန်မယူပါ။

၆။ ဤအာမခံကတ်ပြားသည် အောက်ပါအခြေအနေများတွင် တရားမဝင်ပျက်ပြယ်ပါသည်။

(က) ကုမ္ပဏီမှ သတ်မှတ်ထားသော စက်အသုံးပြုရန် ညွှန်းကြားချက်အတိုင်း မသုံးစွဲခဲ့လျှင်၊

(ခ) စက်ကို မိမိအစီအစဉ်ဖြင့် ပြုပြင်ခြင်း၊ စက်အစိတ်အပိုင်းများလဲလှယ်ခြင်း၊ တစ်စုံတစ်ရာပြုလုပ်ထားလျှင်၊

(ဂ) စက်ပေါ်ရှိ Serial Number ပျက်စီးနေလျှင် (သို့) လွဲမှားနေလျှင်၊

(ဃ) ဤအာမခံကတ်ပေါ်တွင် တစ်စုံတစ်ရာပြုပြင်ပြောင်းလဲထားလျှင်၊

မှတ်ချက်။          ။ (စက်အသစ်တစ်လုံး လဲလှယ်ပေးရန် မဟုတ်ပါ။)

Yangon Service Centre           – Viber (09) 5052416                           – Hotline (09) 73065824

Mandalay Service Centre        – Viber (09) 459120808                       – Hotline (09) 441019004

Naypyitaw Service Centre       – Viber (09) 444488500                       – Hotline (09) 444488411 

Service Centre                         – Viber (09) 444488500                       – Hotline (09) 444488411