Service Center

ကျွန်တော်များ၏ Peace Myanmar Electric Holding Co.,Ltd ကို တည်ထောင်ခဲ့ပြီးနောက် ရောင်းချဖြန့်ဖြူးပေးသောပစ္စည်းများအနက် Air Con နှင့် Refrigerator များအတွက် PMEH Service Center အား 1995 ခုနှစ်တွင် ဖွဲ့စည်းပေးခဲ့ပြီး ယခုအချိန်တွင် အင်ဂျင်နီယာအဖွဲ့ပေါင်း(၅၀)နှင့် ဝန်ထမ်းအင်အား(၃၀ဝ)ကျော်ဖြင့် တပ်ဆင်ခြင်း၊ ဆေးကြောခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများအား ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။

မန္တလေးနှင့်နေပြည်တော်တွင်လည်း ရုံးခွဲများဖွင့်လှစ်ထားရှိသည့်အပြင် Customer များ၏ လိုအပ်ချက်၊ အခက်အခဲများအား အချိန်နှင့်တစ်ပြေးညီ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် Peace Myanmar Electric Holding Co.,Ltd Service Center ၏ တပ်ဆင်ခြင်းနှင့်ဆေးကြောခြင်း အသိအမှတ်ပြုလက်မှတ်ရအဖွဲ့ (Authorized Installor & Service (AIS)) အဖွဲ့များအား အနီးဆုံးနယ်မြေဒေသများတွင် ခန့်ထားဆောင်ရွက်ပေးလျှက်ရှိပါသည်။

ထို့ပြင် အပိုပစ္စည်းမရှိသဖြင့် ပြင်ဆင်ရေးစောင့်ဆိုင်းနေရခြင်းကြောင့် နှောင့်နှေးမှုမရှိစေရန် စက်အသစ်များမှ ဖြုတ်ယူ၍ ပြုပြင်ပေးလျှက်ရှိပါသည်။

Customer များ၏ Air con ပြင်ဆင်ထိန်းသိမ်းရေးအဖွဲ့များကိုလည်း ဖိတ်ခေါ်လျှက် ပြုပြင်ထိန်းသိမ်းရေး သင်တန်းများပို့ချပေးလျှက်ရှိပါသည်။

နှစ်စဉ်တိုးတက်ရောင်းချခဲ့သော Air con များအတွက် လိုအပ်ချက်များ အချိန်မီဖြည့်ဆည်းပေးနိုင်ရန် AIS အဖွဲ့များကိုလည်း ထပ်မံဖိတ်ခေါ်ခန့်ထားလျှက်ရှိပါသည်။

PME HOLDING SERVICE CENTRE

Call Service

တယ်လီဖုန်းဖြင့် ဆက်သွယ်ခေါ်ယူနိုင်ခြင်း

Contract Service

တစ်နှစ်အတွက်ဆေးကြောသန့်စင်ခြင်း (Servicing) ကို စာချုပ်စနစ်ဖြင့် ဈေးနှုန်းသက်သာစွာ ဆောင်ရွက်ပေးခြင်း

Station Service

Air-Con, Pump, Motor, ပန်ကာ, ရေခဲသတ္တာတို့အတွက် Servicing, Repair လုပ်ခြင်းများကို PME Service Centre ၌ Spare Parts များ အဆင်သင့်ထားရှိ၍ ဆောင်ရွက်ပေးခြင်း။

Training Service

Basic & Advanced Level Course. Selection & Appointment as a technician to be a qualified trainee after complection of training. အခြေခံ/ အဆင့်မြင့် လေအေးပေးစက် သင်တန်းများ သင်ကြားပို့ချ ဖွင့်လှစ်ထားလျက်ရှိခြင်း။

PME Holding Service Centre မှ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းရပ်များ

Survey အဲယားကွန်းတပ်ဆင်ရန် ကြိုတင်လေ့လာပေးခြင်း

Customer မှ Air-Con တပ်ဆင်ရန်အတွက် ကမ်းလှမ်းလာပါက စက်တပ်ဆင်မည့်နေရာ၊ အခန်းဖွဲ့စည်းတည်ဆောက်ထားမှု၊ အထိ ရောက်ဆုံး အသုံးပြုသင့်သည့် စက်အမျိုးအစား၊ အရေအတွက်အား ကျွမ်းကျင်သော Service Engineer များကိုယ်တိုင် လာရောက်၍ အခမဲ့ရွေးချယ် တွက်ချက်ပေးခြင်း။

Load Calculation လိုအပ်သည့် စက်စွမ်းအားတွက်ချက်ပေးခြင်း

တပ်ဆင်ရမည့်နေရာ၊ အခန်းအနေအထား၊ အကျယ်အဝန်းတို့အပေါ်မူတည်၍ တပ်ဆင်သင့်သည့် စက်အမျိုးအစား၊ စက်စွမ်းအားတို့ကိုတွက်ချက် ပေးခြင်း။

Design စက် Model ရွေးချယ်ပေးခြင်း

တပ်ဆင်ရမည့်နေရာ၊ အခန်းအနေအထား၊ အကျယ်အဝန်းတို့အပေါ် မူတည်၍ တပ်ဆင် သင့်သည့် Air-Con အမျိုးအစား (Model) နှင့် Unit အမျိုးအစား တို့ကို စနစ်တကျ ရွေးချယ်ပေးခြင်း။

Select the Proper Unit စက်အမျိုးအစားရွေးချယ်ပေးခြင်း

စက်များတပ်ဆင်ရာတွင် အရည်အသွေးမြင့်၍ သဘာဝပတ်ဝန်းကျင် မပျက်စီးစေသည့် ပစ္စည်းများ အသုံးပြု ပြီးကုန်ကျစရိတ်အသက်သာဆုံး ဖြစ်စေမည့် ဈေးနှုန်းတွက်ချက်၍ ဈေးနှုန်းလွှာပေးပို့ခြင်း။

Installation စက်တပ်ဆင်ခြင်း

ပေးပို့သောQuotationအပေါ်တွင် ဆောင်ရွက်ရန်သဘောတူညီချက်ရရှိပါကဆောင်ရွက်ရမည့် လုပ်ငန်းအတွက် စာချုပ်ချုပ်ဆိုပြီး စက်များတပ်ဆင် ပေးခြင်း။

Testing & Commessioning စက်စမ်းသပ် လည်ပတ်ခြင်း

စက်တပ်ဆင်မှုလုပ်ငန်းပြီးစီးပါက တပ်ဆင်ထားသောစက်များအားCustomer စိတ်ကျေနပ်မှု ရရှိသည့်အထိ စမ်းသပ်မောင်းနှင်ပေးခြင်း။

Servicing စက်ဆေးကြောပေးခြင်း

မိမိတို့၏ Service Engineer အဖွဲ့မှ တပ်ဆင်ပေးထားသောစက်များအားကွန်ပျူတာဖြင့် စနစ်တကျ မှတ်တမ်းတင်ထားပြီး Contract စနစ်ဖြင့် ဆေးကြောပေးခြင်း။

Repairing စက်ပြုပြင်ပေးခြင်း

Mitsubishi Electric Brand Air-Con များ ပျက်စီးမှုအတွက် ကျွမ်းကျင် အင်ဂျင်နီယာ အဖွဲ့များ စေလွှတ်ပြုပြင်ခြင်းနှင့် လိုအပ်သည့်အပိုပစ္စည်း(Spare Parts) များအား အချိန်မီရအောင် ဆောင်ရွက်ပေးခြင်း၊ လိုအပ်ပါက စက်အသစ်မှ ဖြုတ်ယူတပ်ဆင်ပေးခြင်း။

Inspection စစ်ဆေးပေးခြင်း

မိမိတို့ကုမ္ပဏီမှ ဝယ်ယူတပ်ဆင်ထားသော Air-Con များအား ကျွမ်းကျင် အင်ဂျင်နီယာ အဖွဲ့များမှ အခါအားလျော်စွာ စစ်ဆေးပေးခြင်းနှင့် နည်းပညာ အကြံဉာဏ်များပေးခြင်း။

Air con သင်တန်းပေးခြင်း

မိမိတို့ကုမ္ပဏီမှ ဝယ်ယူတပ်ဆင်ထားသော Air con များအား ပြင်ဆင်ထိန်းသိမ်းနိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းများအား သင်တန်းပို့ချပေးခြင်း။

VRF - Installation
Standard Materials - for Installation
Service Tools

Yangon Service Centre

Manadalay Service Centre

Nay Pyi Taw Service Centre