HAPPY 30th ANNIVERSARY

 

𝐏𝐞𝐚𝐜𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜 𝐇𝐨𝐥𝐝𝐢𝐧𝐠 𝐂𝐨., 𝐋𝐭𝐝. ၏ နှစ်(၃၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို ၁.၈.၂၀၂၄ ရက် မနက်ပိုင်းတွင် ရန်ကုန်ရုံးချုပ်၊ သာကေတ Service Center၊ လှိုင်သာယာ Warehouse၊ Duct Factory နှင့် ရုံးခွဲများဖြစ်သည့် မန္တလေးရုံးခွဲ၊ နေပြည်တော်ရုံးခွဲများ၌ ဝန်ထမ်းများနှင့်အတူ ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ဝန်ထမ်းများအားလုံးကို Chairman နှင့် CEO တို့မှ ပွဲအခမ်းအနားနှင့် ပတ်သက်ပြီး မိမိတို့ကုမ္ပဏီအနေဖြင့် နှစ်(၃၀) ထိ တိုင်‌တိုင် ရပ်တည်နေနိုင်တာဟာ အဖွဲ့အစည်း၏ Policy များကို သေချာစွာလိုက်နာကျင့်သုံးပြီး ဝန်ထမ်းများအနေဖြင့် တက်ညီလက်ညီ စည်းစည်းလုံးလုံးနဲ့ လုပ်ငန်းဆောင်တာများကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြလို့ အခုလို ပွဲအခမ်းအနားကို အောင်မြင်စွာနဲ့ ကျင်းပပြုလုပ်နိုင်တာဖြစ်ကြောင်း ဝမ်းသာပီတိစကား ပြောကြားပေးသွားပါတယ်။

အခမ်းအနားဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးကူညီပေးကြသူ တစ်ယောက်ချင်းစီကို လှိုက်လှိုက်လှဲလှဲ‌ ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ပွဲအခမ်းအနားပုံရိပ်များကို ဂုဏ်ယူပျော်ရွှင်စွာ မျှဝေပေးလိုက်ပါတယ်။