🏃♂️PMEH Employee Wellbeing Program 2026 ~ Healthy Body, Happy Mind🏃♂️
Peace Myanmar Electric Holding ရဲ့ချစ်ခင်ရသော ဝန်ထမ်းများအတွက် “Healthy Body, Happy Mind” Campaign အနေဖြင့် Fun Run & Zumba အစီအစဥ်များကို 21.2.2026 ရက်နေ့က ပြည်သူ့ရင်ပြင်မှာ ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြပါတယ်။
ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင်မှာရော၊ ကိုယ်ပိုင်ဘဝမှာပါ ကျန်းမာပျော်ရွှင်စေတဲ့ အလေ့အကျင့်ကောင်းတွေ ရရှိပိုင်ဆိုင်နိုင်စေဖို့ ရည်ရွယ်ပြီး ဒီ Program လေးကို အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။
🏃♂️မနက်ခင်းရဲ့ လတ်ဆတ်တဲ့ လေထုနဲ့အတူ 3KM/ 6KM အသီးသီး ပျော်ပျော်ရွှင်ရွှင်ပြေးခဲ့ကြပြီး အနားယူချိန်မှာတော့ အာဟာရ ပြည့်ဝတဲ့ မနက်စာကို မျှဝေခဲ့ကြပါတယ်။ ဒါ့အပြင် စည်းချက်ကျကျ တေးဂီတသံတွေနဲ့အတူ Zumba ကခုန်ရင်း အမှတ််တရတွေ အတူ ဖန်တီးဖြစ်ခဲ့ပါတယ်။
🏆နောက်ဆုံးမှာတော့ 3K နဲ့ 6K (Male/Female) အလိုက် Winner, 1st runner up နဲ့ 2nd runner up ရရှိသော ဝန်ထမ်းအသီးသီးကို ဆုတံဆိပ်များ ချီးမြှင့် ပေးအပ်ခဲ့ပါတယ်။
💦 “Healthy Body, Happy Mind” Campaign မှာ ရေဓာတ်ပြည့်ဝပြီး လန်းဆန်းနေစေဖို့ အားဖြည့်ကူညီပေးခဲ့တဲ့ Royal D နဲ့
🎶 စည်းချက်နဲ့အညီ လှုပ်ရှားနိုင်ဖို့ Zumba အကကို လာရောက် သင်ပြပေးတဲ့ Prudential Myanmar Life Insurance ကို ကျေးဇူးအထူးတင်ရှိပါတယ်၊၊
ဝန်ထမ်းတွေရဲ့ကျန်းမာရေးနဲ့ စိတ်ပျော်ရွှင်မှုကို Peace Myanmar Electric Holding က အမြဲတမ်း အလေးထား ဂရုစိုက် စောင့်ရှောက်နေမှာပါ။ အားလုံး ပျော်ရွှင်ခဲ့ရတဲ့ Campaign ပုံရိပ်လေးတွေကို ခုပဲ မျှဝေပေးလိုက်ပြီနော် ! 🧡✨
#HealthyBodyHappyMind
#PMEH #Funrun2026 #RoyalD #Zumba
#EmployeeWellbeing #Prudential
