In Stock

JT–SB216JSH / JT–SB216KSN

၁၉၉၃ ခုနှစ်တွင် မစ်ဆူဘီရှီ အီလက်ထရောနစ်သည် ကမ္ဘာ့ပထမဆုံး ဂျက်နှစ်ခု မြန်နှုန်းမြင့် လက်အခြောက်ခံ ကိရိယာ (dual jet high-speed hand dryer) ကို “Jet Towel” ဟူသော အမှတ်တံဆိပ်ဖြင့် ဂျပန်နိုင်ငံတွင် စတင်မိတ်ဆက်ခဲ့သည်။ ၎င်းကိရိယာသည် လက်အခြောက်ခံနည်းပညာနှင့် ပစ္စည်းကိရိယာများအတွက် စံနမူနာအသစ်တစ်ခု ဖွင့်လှစ်ပေးလိုက်သည်။ အားကောင်းသည့်လေပြင်းကို ဖန်တီးပေးသည် brushless motor တစ်လုံးကို အသုံးပြုခြင်းဖြင့် Jet Towel သည် ခြောက်သွေ့ခံရသည့်အချိန်ကို ပို၍မြန်ဆန်စေသည်။ ထို့ပြင် ရေနှင့်ထိတွေ့သည့် အစိတ်အပိုင်းများအားလုံးကို သန့်ရှင်းစင်ကြယ်မှု ပိုမိုရှိစေရန်အတွက် အနုဇီဝပိုးမွှားများ ကင်းစင်စေရန် ပြုပြင်စီရင်ထားသည်။



Description

မစ်ဆူဘီရှီ အီလက်ထရစ်သည် ဤကမ္ဘာ့ပထမဆုံး ဒေါင်လိုက် လက်အခြောက်ခံကိရိယာကို ဖန်တီး ထုတ်လုပ်သည့်အချိန်မှစ၍ Jet Towels ၆၅၀,၀၀၀ ကျော်ကို ကမ္ဘာတစ်ဝှမ်းရှိ ဘဏ်များ၊ ဈေးဝယ်စင်တာ များ၊ ဟော်တယ်များ၊ စားသောက်ဆိုင်များနှင့် အခြားအဆောက်အအုံများသို့ ရောင်းချခဲ့ပြီးဖြစ်သည်။ 

မစ်ဆူဘီရှီ အီလက်ထရစ် Jet Towels စီးပွားဖြစ်ရောင်းချသော လက်အခြောက်ခံကိရိယာသည် သားနားကြော့ရှင်းပြီး တပ်ဆင်ရန် လွယ်ကူခြင်း၊ ပြုပြင်ထိန်းသိမ်းမှုပြုလုပ်ရန် နည်းပါးခြင်းနှင့် လျှပ်စစ် ဓာတ်အားသုံးစွဲမှု နည်းပါးခြင်း … စသည်တို့ကြောင့် အသုံးအဆောင်ပစ္စည်းများဆိုင်ရာ မန်နေဂျာများ (facility managers) အကြားတွင် ရေပန်းစားလျက်ရှိသည်။ Jet Towels သည် သာမန်စီးပွားဖြစ် ရောင်းချသော လက်အခြောက်ခံကိရိယာများထက် ၅၀% အထိ ပို၍ စွမ်းဆောင်ရည်ကောင်းမွန်ပြီး စက္ကူ လက်သုတ်ပုဝါများနှင့်နှိုင်းယှဉ်လျှင် ၉၅ % အထိ ကုန်ကျစရိတ်ချွေတာမှု ရှိနိုင်သည်။ သုံးစွဲသူများသည် Jet Towels ၏ သက်သာလွယ်ကူမှု၊ ရောဂါမဖြစ်အောင် သန့်ရှင်းစင်ကြယ်မှုနှင့် တီထွင်ဆန်းသစ်သည့် ဒီဇိုင်း ပုံစံတို့ကို ကြိုက်နှစ်သက်ကြသည်။